မင်္ဂလာရှိအောင် နေကြမယ်

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၉။ မင်္ဂလာရှိအောင် နေကြမယ်
326569ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၉။ မင်္ဂလာရှိအောင် နေကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၉)

မင်္ဂလာရှိအောင် နေကြမယ်

edit

နွယ်နီလေး လိမ္မာပြီ

နွယ်နီလေးသည် မိဘ၊ ဘိုးဘွားတို့က အလိုလိုက်ထားသဖြင့် အလွန်ဆိုးသည်။

ကစားဖော် သူငယ်ချင်းများနှင့်လည်း အမြဲ ရန်ဖြစ်တတ်သည်။

ဖေဖေနှင့်မေမေသည် နွယ်နီလေးကို ဓမ္မစကူးလ်သို့ ပို့လိုက်ကြသည်။

ငိုနေသော နွယ်နီလေးကို ဘုန်းဘုန်းနှင့် ဆရာမများက ဝိုင်းဝန်းချော့မော့ကြသည်။

ကဗျာရွတ်ဆိုရခြင်း၊ ဆေးရောင်ခြယ်ရခြင်းတို့ကြောင့် ဓမ္မစကူးလ်တက်ရသည်ကို နွယ်နီလေး ပျော်လာသည်။

ယခုအခါ နွယ်နီလေးသည် မှန်မှန်ဘုရားရှိခိုးပြီး ဖေဖေနှင့်မေမေကို ကန်တော့ပြီးမှ အိပ်သည်။

မင်္ဂလာနေ့ပါ

edit

ပျော်ပျော်ရွှင်ရွှင် စာသင်မယ်။
ဆရာ့စကား နားထောင်မယ်။
ပြုံးပြကာ နှုတ်ဆက်မယ်၊
မင်္ဂလာနေ့ပါကွယ်။
ပျော်ပျော်ရွှင်ရွှင် စာသင်မယ်၊
သူငယ်ချင်းတွေနဲ့ ချစ်ခင်ဖွယ်၊
တေးသီချင်း ဆို က ကြမယ်၊ မင်္ဂလာနေ့ပါကွယ်။ ။