တန်ဆောင်တိုင်ပွဲတော်

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၉) တန်ဆောင်တိုင်ပွဲတော်
326648ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၃၉) တန်ဆောင်တိုင်ပွဲတော်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၉)

တန်ဆောင်တိုင်ပွဲတော် edit

စတုဒီသာ တန်ဆောင်တိုင်ပွဲတော်တွင် လူအများစုပေါင်း၍ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသည်။

ဘုရားကျောင်းကန်နှင့် လူနေအိမ်များတွင် ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကြသည်။ မီးပုံးပျံများကိုလည်း ပျော်ရွှင်စွာ လွှတ်တင်ကြသည်။

တစ်နိုင်ငံလုံး မြို့ရွာအနှံ့ ကထိန်အလှူပွဲများကို စည်စည်ကားကား ကျင်းပကြသည်။

တန်ဆောင်မုန်းလ edit

ဆီမီး ရောင်စုံ တမြိုင်မြိုင်၊
လမြတ်တန်ဆောင်တိုင်။
မြိုင်မြိုင်ဆိုင်ဆိုင် တို့ဆင်နွှဲ၊
ကထိန်ခင်းတဲ့ပွဲ။
သောသောညံလို့ ရွာထဲတွင်၊
နိဗ္ဗာန်ဈေးတွက် ပြင်။
ဆေးဖက်ဝင် မဲဇလီဖူး၊
ဝိုင်းဖွဲ့ စားလို့ ပျော်ရွှင်မြူး၊
အားလုံးစိတ်ကြည်နူး။ ။