သင်္ကြန်ပွဲတော်

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၄ဝ) သင်္ကြန်ပွဲတော်
326649ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၄ဝ) သင်္ကြန်ပွဲတော်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄၀)

သင်္ကြန်ပွဲတော်

edit

သင်္ကြန်အခါတွင် အတာအိုးများ ထိုးကြသည်။ မုန့်လုံးရေပေါ် လုပ်စားကြသည်။ ပျော်ရွှင်စွာ ရေကစားကြသည်။

သက်ကြီးရွယ်အို ဘိုးဘွားများကို ပူဇော်ကန်တော့ကြသည်။

ဘုန်းကြီးကျောင်းသို့ သွား၍ သီလယူခြင်း၊ ဥပုသ်စောင့်ခြင်း၊ တရားအားထုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ သတ္တဝါများကို ဘေးမဲ့လွှတ်ခြင်း စသော ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။