နန္ဒဂေါပါလကဝတ္ထုဂါထာ

၃-စိတ္တဝဂ်

၈-နန္ဒဂေါပါလကဝတ္ထုပါဠိဂါထာ

၁၃၈။ ဒိသော ဒိသံ ယံ တံ ကယိရာ, ဝေရီ ဝါ ပန ဝေရိနံ၊
မိစ္ဆာပဏိဟိတံ စိတ္တံ , ပါပိယော နံ တတော ကရေ။

ဒိသော၊ မြင်လျှင်ကြားလျှင်, မရွှင်နှလုံး, မုန်း၍နေသော ခိုး သူတစ်ယောက်သည်။ ဒိသံ၊ မြင်လျှင်ကြားလျှင်, မရွှင်နှလုံး, မုန်း ၍နေသော ခိုးသူတစ်ယောက်ကို။ (ဒိသွာ၊ အကြောင်းတိုက်ဆုံ, တွေ့ကြုံရသည်ဖြစ်၍။) ယံ တံ (အနယဗျသနံ)၊ ဟိတသုခ, အဝဝ ကို, လုံးဝဖျက်ငြား, အကြင်သို့သော စီးပွားမဲ့ကို။ ကယိရာ၊ ကိုယ် တိုင်လည်းကောင်း, ဖော်အပေါင်းဖြင့်, အကြောင်းအားလျော်စွာ, ပြုလုပ်ရာ၏။ ပန၊ အဖို့တစ်ပါးကား။ ဝေရီ ဝါ၊ အချင်းချင်းမာန်, မကောင်းကြံ၍, ရန်ရှိနေသူတစ်ယောက်သည်မူလည်း။ ဝေရိနံ၊ အချင်းချင်းမာန်, မကောင်းကြံ၍, ရန်ရှိနေသူတစ်ယောက်ကို။ (ဒိသွာ၊ ၍။ ယံ တံ အနယဗျသနံ၊ ကို။ ကယိရာ၊ ရာ၏။) မိစ္ဆာပဏိဟိတံ၊ အကုသိုလ်ကံ, တွေ့ကြုံပြန်သော်, မမှန်ဖောက်ပြား, မှားယွင်းစွာ ထားအပ်သောစိတ်သည်။ နံ (ပုရိသံ)၊ ကိုယ်မှုနှုတ်မှု, စိတ်မှုယုတ်မာ, ထိုသတ္တဝါကို။ တတော၊ ထိုခိုးသူရန်သူ, ဆန့်ကျင် သူတို့, ပြုမူလုပ်ကြံ, နှိပ်စက်အပ်သောဒဏ်ထက်။ ပါပိယော၊ တစ်ဘဝမက, သံသရာကျလည်း, ဒုက္ခတွေတိုး, သာ၍ဆိုး အောင်။ ကရေ၊ ဝန်ဆောင်နွား၌, လှည်းဘီးလိုက်သို့, စိုက်စိုက် မကွာ, ပြုလုပ်ရာသတည်း။ (ပါ-၄၂)

နန္ဒဂေါပါလကဝတ္ထုဂါထာနိဿယပြီးပြီ။

မိစ္ဆာပဏိဟိတံ။ ။ ပဏိဓီယတေတိ ပဏိဟိတံ၊ [ပ+နိ+ဓာ(ထပန အနက်)+တ၊ ဓာ၏ အာကို ဣပြု, ဓကို ဟပြု၊ နကို ဏပြန်။] မိစ္ဆာ+ ပဏိဟိတံ မိစ္ဆာပဏိဟိတံ။ အခြားနေရာ၌ လောကီစည်းစိမ်ကို တောင့်တ ၍ပြုသော လောကီကုသိုလ်စိတ်ကို မိစ္ဆာပဏိဟိတ, နိဗ္ဗာန်ကို တောင့်တ ၍ပြုသော ကုသိုလ်စိတ်ကို သမ္မာပဏိဟိတဟု ဖွင့်၏(အံ၊ဋ္ဌ၊၁၊၄၃၊ အံဋီ၊၁၊၉၇)၊ ဤ၌ကား အကုသိုလ်စိတ်ကို မိစ္ဆာပဏိဟိတ၊ ကုသိုလ်စိတ်ကို သမ္မာပဏိဟိတဟု ယူရမည်။

ပါပိယော။ ။ “ပါပတရံ”ဟု ဒုတိယန္တဖြင့် ဖွင့်သောကြောင့် ဒုတိ ယာအနက်၌ ပဌမာသက်၊ (တစ်နည်း) ဒုတိယာမှ ပဌမာသို့ ပြန်နေသော ဝိဘတ္တိဝိပလ္လာသဟုကြံ။