ဘုရားဖြစ်ပြီးစ အချိန်

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၅။ ဘုရားဖြစ်ပြီးစ အချိန်
326918ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၅။ ဘုရားဖြစ်ပြီးစ အချိန်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

ဘုရားဖြစ်ပြီးစ အချိန်

edit

မြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီးနောက် ၄၉ ရက်မြောက်နေ့တွင် တပုဿနှင့်ဘလ္လိကဟု ခေါ်သော ကုန်သည်ညီနောင်တို့ ရောက်လာကြသည်။ သူတို့သည် မြတ်စွာဘုရားရှင်အား မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်များ လှူဒါန်းခဲ့ကြသည်။ ကုန်သည်ညီနောင်တို့သည် ဘုရားရတနာနှင့် တရားရတနာ ဟူသော ရတနာနှစ်ပါးကို ပထမဆုံး ကိုးကွယ်ခွင့်ရသူများ ဖြစ်သွားကြလေသည်။

မြတ်စွာဘုရားရှင်သည် ပထမဆုံး တရားတော်ကို အာဠာရနှင့် ဥဒကရသေ့ကြီးတို့ အား ဟော ကြားရန် စိတ်ကူးတော်မူခဲ့သည်။ သို့ သော်လည်း ရသေ့ကြီးနှစ်ပါး ကွယ်လွန်သွားကြပြီဖြစ်ကြောင်း သိရသဖြင့် ဥရုဝေလတောသို့ ကြွတော်မူပြီး ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်နှင့် အဿဇိဟူသော ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး ဟောတော်မူခဲ့လေသည်။ တရားဟောအပြီးတွင် ပဉ္စဝဂ္ဂီငါးဦးလုံး မြတ်စွာ ဘုရားရှင်၏ တပည့်ရဟန်းများ ဖြစ်လာကြပြီး သံဃာရတနာ စတင် ပေါ်ပေါက်လာခဲ့ပါသည်။