ဘုရားရှိခိုးရကျိုး

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၆။ ဘုရားရှိခိုးရကျိုး
326919ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၆။ ဘုရားရှိခိုးရကျိုးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၆)

ဘုရားရှိခိုးရကျိုး

edit

ဘုရားရှိခိုးအကျိုးမှာ၊
ဘုရားရိုသေလာ။
ကျိုးနွံကာ သဒ္ဓါပွား၊
သတိ ပညာများ။
ပီတိတဖွားဖွား ဖြစ်ကာရယ်၊
ဒုက္ခခံနိုင်တယ်။
စိတ်ထဲဝယ် ဘုရားထံပါး၊
နေတယ်လို့ ခံစား။
ဘုရားရှိခိုးတဲ့ ကိုယ်ခန္ဓာ၊
စေတီထိုက်သည်သာ။
အကျိုးများစွာ ရတာမို့၊
ဘုရားရှိခိုးစို့။ ။

တစ်ကြိမ်ရှိခိုး အကျိုးများစွာ

edit

ရှေးအခါက ဆင်းရဲသားလေးတစ်ယောက် ရှိလေသည်။ သူ့အမည်မှာ မောင်မေတ္တာဖြစ်၏။ သူသည် ဆင်းရဲလွန်းသဖြင့် နေ့စဉ် ယာတောထဲတွင် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရသည်။ မြတ်စွာဘုရားကို ကြည်ညို သော်လည်း သွားရောက်မဖူးမြော်နိုင်ခဲ့ပါ။

တစ်နေ့သ၌ မောင်မေတ္တာသည် တောထဲတွင် အလုပ်လုပ်နေရာမှ ကိစ္စတစ်ခုရှိသဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ဝိပဿီဘုရားရှင်သည် မြို့တွင်းသို့ နောက်ပါရဟန်းများစွာဖြင့် ကြွလာတော်မူသည်။ ဆင်းရဲသားလေးသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များကို ကြည်ညိုစွာဖြင့် လက်အုပ် ချီမိုး ရှိခိုးလိုက်လေသည်။ ထိုကဲ့သို့ တစ်ကြိမ်တစ်ခါ ရှိခိုးရသောကောင်းမှုကြောင့် ဆင်းရဲသားလေးသည် အဆင့်အတန်းမြင့်သော ဘဝပေါင်းများစွာကို ရရှိခဲ့လေသည်။