ဘုရားအလောင်း ငယ်စဉ်ဘဝ -ဒု

326605ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၃) ဘုရားအလောင်း ငယ်စဉ်ဘဝဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃)

ဘုရားအလောင်း ငယ်စဉ်ဘဝ

edit

သုဒ္ဓေါဒနမင်းကြီးက ဘုရားအလောင်း မင်းသားလေးအား ကာဠဒေဝီလရသေ့ကြီး ရှေ့သို့ ခေါ်ဆောင်လာသည်။ ရသေ့ကြီးက ဘုရားအလောင်းအား ရှိခိုးသည်။ ထိုအခါ ဖခင်မင်းကြီးက ဘုရားအလောင်းသားတော်လေးအား ပထမအကြိမ် ရှိခိုးခဲ့သည်။

လယ်ထွန်မင်္ဂလာပွဲ ကျင်းပနေစဉ် ဘုရားအလောင်းမင်းသားလေးသည် သစ်ပင်အောက်၌ တရားထိုင်နေသည်။ ဖခင်မင်းကြီးက သားတော်လေးအား ဒုတိယအကြိမ် ရှိခိုးခဲ့သည်။

ဘုရားအလောင်းမင်းသား အသက် (၁၆) နှစ်အရွယ် ရောက်သောအခါ မည်သူမျှ မတတ်ကျွမ်းသော မြားပစ်နည်းအမျိုးမျိုးကို ပြသခဲ့သည်။ မြင်ရသူအားလုံး အံ့သြချီးမွမ်းကြ၏။

ထို့နောက် ဘုရားအလောင်းမင်းသားသည် ၊ ယသောဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ ထီးနန်းစည်းစိမ်ကို (၁၃) နှစ်ကြာအောင် စံစားခဲ့သည်။

ဘုရားအလောင်းမင်းသား

edit

ကြင်နာသနားတတ်တဲ့သူ၊
စိတ်ထားကောင်းမြတ်သူ။
သဘောဖြူကာ လူယဉ်ကျေး၊ သိဒ္ဓတ္ထတဲ့လေး။
ရိုးသားအေးဆေး သူ့ဟန်ပန်၊
အတုယူကြရန်။
စံနမူနာ ယူကာပြ၊
ဘုရားအလောင်းရဲ့ ငယ်ဘဝ။ ။