ဘုရားအလောင်း ဖွားမြင်တော်မူခြင်း

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂) ဘုရားအလောင်း ဖွားမြင်တော်မူခြင်း
326604ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၂) ဘုရားအလောင်း ဖွားမြင်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

ဘုရားအလောင်း ဖွားမြင်တော်မူခြင်း

edit

ကပိလဝတ်ပြည် ဘုရင်ကြီးသုဒ္ဓေါဒန၏ မိဖုရားခေါင်ကြီး မာယာဒေဝီသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်သည်။ အိပ်မက်ထဲတွင် နတ်မင်းကြီးလေးပါးက မိဖုရားကြီး အိပ်နေသော ခုတင်ကို တောင်တန်းတစ်ခုဆီသို့ သယ်ဆောင်သွားကြသည်။ နတ်မိဖုရားများက အမွှေး နံ့သာများဖြင့် ရေချိုးပေးကြသည်။ ရွှေဗိမာန်တိုက်ခန်းတွင် မိဖုရားကြီးအိပ်စက်နေစဉ် ဆင်ဖြူ တော်တစ်စီးက မိဖုရားကြီး၏ ဝမ်းဗိုက်ထဲသို့ ဝင်သွားခဲ့သည်။

နောက်တစ်နေ့တွင် ဘုရင်ကြီးက ထိုအိပ်မက်အကြောင်းကို နန်းတွင်းပညာရှိများအား မေးမြန်းသည်။ ထိုအိပ်မက်အရ ထူးခြားမြင့်မြတ်သော သားရတနာ ဖွားမြင်မည်ဖြစ်ကြောင်း ပညာရှိများက ဘုရင်ကြီးအား လျှောက်တင်ကြသည်။

မိဖုရားကြီးသည် ကိုယ်ဝန်ဆယ်လစေ့သောအခါ မိဘဆွေမျိုးများရှိရာ ဒေဝဒဟ ပြည်သို့ သွားခဲ့၏။ လမ်းခရီးတွင် အလွန်သာယာသော အင်ကြင်းဥယျာဉ်ကြီးထဲ ရောက်လာသည်။ အင်ကြင်းပင်ကြီး တစ်ပင်အောက်တွင် ဘုရားအလောင်းတော်ကို ဖွားမြင်ခဲ့ပါ သည်။ ဖွားမြင်စမှာပင် ဘုရားအလောင်း မင်းသားလေးသည် ခြေလှမ်းခုနစ်လှမ်း လှမ်းကြွတော်မူပြီး “လောကမှာ ငါသာအမြတ်ဆုံး၊ ငါသာ အကြီးဆုံး၊ ငါသာ အသာဆုံး” ဟူ၍ ကြွေးကြော်ခဲ့ပါသည်။ ။

ဘုရားအလောင်း ဖွားတော်မူခန်း

edit

သုဒ္ဓေါဒန ဖခင်ပါ။
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်၊
မယ်မာယာ မြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော် တသောင်းသောင်း။ ။