ဝိနယသံခိပ်/ကပ္ပိခြင်း ငါးပါးအမြွက်

ဝိနယသံခိပ်လက်စွဲကျမ်း
by လယ်တီဆရာတော်
၁၁။ ကပ္ပိခြင်း ငါးပါးအမြွက်
323120ဝိနယသံခိပ်လက်စွဲကျမ်း — ၁၁။ ကပ္ပိခြင်း ငါးပါးအမြွက်လယ်တီဆရာတော်

၁၁၉။ ပင်စည် အမြစ်၊ အဆစ် ညွန့်ဖျား၊ အစေ့အား၊ ငါးပါး ဗီဇဂါမ်။
၁၂၀။ ဖျက်ဆီးတုံလတ်၊ သင့်ဒုက္ကဋ်၊ ငါးရပ်လွတ်ကြောင်းဖန်။
၁၂၁။ မီး, ဓါး, လက်သဲ၊ ကပ္ပိနဲ၊ နုဆဲ ပယ်နုတ်ခံ။
၁၂၂။ လူ သာမဏေ၊ ကပ္ပိစေ၊ လွတ်လေ မျိုးသန္တာန်။

* ကပ္ပိစေလိုသောရဟန်းက ကပ္ပိယံ ကရောဟိ ဟုဆို။
* လူ သာမဏေက ကပ္ပိယံ ဘန္တေ'' ဟုဆိုရမည်။

၁၂၃။ မီးနှင့် တို့လင့်၊ ပူရှိန်သင့်၊ အခွင့် လျော်လောက်တန်။
၁၂၄။ ပြတ်ရာ ပေါက်ရာ၊ ထင်မှသာ၊ မြောက်ရာ ဓားလက်တံ။
၁၂၅။ တစ်ခုမိက၊ တောင်ရှိများစေ၊ ထိစပ်ပေ၊ မြောက်လေ ကပ္ပိယံ။
ကပ္ပိခြင်းငါးပါး အမြွက် ပြီး၏၊
ဆွမ်းဟူသော မှီရာ နိဿယ အမြွက်ပြီး၏၊