ဝိနယသံခိပ်/အကပ္ပိယပစ္စည်းမျိုး

ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၁၀။ အကပ္ပိယပစ္စည်းမျိုး

၁၁၄။ သီး ပွင့် ကသေ၊ မြေ ဒန်ပူ ဝါး၊ဆေးဝါး စေခံ လာဘ်ငဲ့မှန်၊ ဒူသန် ကုလရှစ်။
၁၁၅။ ကုလ ဒူသန်၊ အင် ရှစ် တန်၊ နေသန် နှစ်ဆယ့်တစ်။
၁၁၆။ ရွှေ ငွေ ခံငြား၊ စျာန် မဂ်ကြား၊ ဆေးဝါး ဗေဒင်ဖြစ်။
၁၁၇။ မိစ္ဆာဇီဝ၊ ဟောဖော်ပြ၊ တစ်ရာ့ငါးဆယ့်နှစ်။
၁၁၈။ ထိုနှင့်ရလတ်၊ ပစ္စည်းရပ်၊ မအပ်ကြဉ်ပယ်ပစ်။
အကပ္ပိယပစ္စည်းမျိုးပြီး၏၊

----------------