ဝိနယသံခိပ်/ကာလိကလေးပါးအမြွက်

ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၈။ ကာလိကလေးပါးအမြွက်

၉၂။ ယာဝ ယာမ၊ သတ္တာဟ၊ ယာဝ ဇီဝိကာ။
၉၃။ ကပ်ပြီးသည်မှ၊ ထိုလေးဝ၊ ကာလပိုင်းခြားရာ။
၉၄။ ထိုနေ့နံနက်၊ ယာမ်သုံးချက်၊ ရက်ခွန် သက်ဆုံးသာ။
၉၅။ အရပ်တိုင်းမှာ၊ အာဟာရကိစ္စ၊ စားရိုးကျ၊ ယာဝ ကာလိကာ။
၉၆။ ဘောဇဉ်ခဲဖွယ်၊ အသွယ်သွယ်၊ အကျယ်များလှစွာ။

အဖျော်ရှစ်မျိုး

၉၇။ သပြေ သရက်၊ မုဒြက်၊ ဖက်သက် သစ်မည်စည်။
၉၈။ ငှက်ပျောနှစ်မျိုး၊ ကြာစွယ်တိုး၊ ရှစ်မျိုးအဖျော်ရည်။

သီးကြီးကိုးမျိုး

၉၉။ ထန်း အုန်း နှစ်ကွဲ၊ ပိန္နဲနှစ်ပါး၊ သုံးသခွါး၊ နှစ်ပါးဗူး ဖရုံ။
၁၀၀။ သီးကြီးကိုးပါး၊ ပဲမျိုးများ၊ စပါး ခုနစ်မည်။
၁၀၁။ အလျော်စပါး၊ လေးမျိုးအား၊ ရှောင်ရှားအဖျော်ရည်။

သတ္တာဟကာလိက

၁၀၂။ ထော ဆီ ဆီ ပျား၊ တင်လဲအား၊ ငါးပါး သတ္တာဟ။
၁၀၃။ ကြံရည်၌မူ၊ ရေစင်ကူ၊ မာသူ အပ်သည်သာ။

ယာဝဇီဝိတ

၁၀၄။ အရပ်တိုင်းမှာ၊ အာဟာရကိစ္စ၊ မစားကြ၊ ယာဝ ဇီဝိတာ။
၁၀၅။ ဆီးဖြူ ရှိရှား၊ သဖန်းခါး၊ များ၏ အနန္တာ။
၁၀၆။ အကပ်နှင့်တကွ၊ သူ့ကာလ၊ လွန်ကသန္နိဓာ။
၁၀၇။ အတို အရှည်၊ ရောမိချေ၊ အရှေသူ့ဖက်ပါ။
ကာလိကလေးပါးအမြွက်ပြီး၏၊

------------