ဝိနယသံခိပ်/အတိရိတ်ဝိနည်းကံပြုနည်း

ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၇။ အတိရိတ်ဝိနည်းကံပြုနည်း

၈၂။ ထမင်း မုန့် ငါး၊ အမဲသား၊ ငါးပါး ဘောဇဉ်စစ်။
၈၃။ သလေးမျိုးနှင့်၊ ကောက်မျိုးအများ၊ ဂျုံ စပါး၊ တစ်ပါး တနတ်ကောက်မျိုး။
၈၄။ ပြောင်းနှင့်လူး ဆပ်၊ ခုနှစ်ရပ်၊ ပညတ် စပါးမျိုး။
၈၅။ စားစဉ် ဘောဇဉ်၊ ပါသ်တွင်းဝင်၊ ဆောင်စဉ် ကိုယ်နှုတ်ပြစ်။
၈၆။ အင်္ဂါငါးလီ၊ ပြည့်စုံညီ၊ သင့်ပြီ ပဝါရေတ်။
၈၇။ နေရာမရွေ့၊ ထိုသည်နေ့၊ လိုရွေ့စားထိုက်ငြား။
၈၈။ နေရာရွေ့မိ၊ စားလိုဘိ၊ ဝိနည်းကံနှင့်စား။
၈၉။ အတိရိတ္တံ၊ ဝိနည်းကံ၊ ပြုရန်အင်္ဂါသတ်။
၉၀။ ကပ္ပိယမှန်၊ အကပ်ခံ၊ ချီပြန် ဟတ္တပါသ်။
၉၁။ နေရာမထ၊ စားပြီးမှ၊ အလမေတံရွတ်။

ဝိနည်းဓိုရ်ထံ အတိရိတ်ဝိနည်းကံပြုပုံ 

အတိရိတ္တံ ကရောထ ဘန္တေ။

ဝိနည်းဓိုရ်က အတိရိတ်ပြုပုံ

အလမေတံ သဗ္ဗံ။

အတိရိတ် ဝိနည်းကံပြုနည်း ပြီး၏။

--------------