ဝိနယသံခိပ်/အကပ်ခံနည်း

ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၆။ အကပ်ခံနည်း

၇၄။ နှစ်တောင့်ထွာမှတ်၊ ဟတ္ထပါသ်၊ ပညတ် ဝိနည်းလာ။
၇၅။ ပေး ယူ လက်နှစ်၊ ကြဉ် ပယ်ပစ်၊ ကြွင်းလစ် ကိုယ်အင်္ဂါ။
၇၆။ ဟတ္ထပါသ်တွင်း၊ ဝင်တုံလျင်း၊ ကပ်ခြင်း မြောက်ထိုက်စွာ။
၇၇။ ပေးခြင်းသုံးတန်၊ ခံခြင်းနှစ်ပါး၊ စိတ်နှစ်ပါး၊ စုံငြားကပ်အင်္ဂါ။
၇၈။ ထယမမဇ္ဈေ၊ ချီကြွနိုင်ဖွယ်၊ မြူရထရ်၊ အတွယ်မရှိရာ။
၇၉။ အဓိဋ္ဌာန်ပျက်၊ အင်ရှစ်ချက်၊ ကပ်ပျက်ကြောင်းအင်္ဂါ။
၈၀။ မရွေ့ဌာန၊ ကိုင်ရုံမျှ၊ ဒုရုပစိဏ္ဏာ။
၈၁။ တည်ရာဌာန၊ ရွေ့စေက၊ ဥဂ္ဂဟိတကာ။
အကပ်ခံနည်းပြီး၏၊

-----------