သိမ်သိမ်မွေ့ မွေ့ ပြုမူမယ် -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၆) သိမ်သိမ်မွေ့ မွေ့ ပြုမူမယ် (ကျောင်းသားကိုင်သို့)
339277ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၆) သိမ်သိမ်မွေ့ မွေ့ ပြုမူမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆)

သိမ်သိမ်မွေ့ မွေ့ ပြုမူမယ်

သင်ယူမှုဦးတည်ချက် ။ ။ လူကြီးများနှင့်တွေ့ သည့်အခါ ယဉ်ကျေးစွာ ပြုမူတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကလေးများ လူကြီးများထံမှ ရိုရိုသေသေ ပစ္စည်းယူနေပုံ ရုပ်ပုံများနှင့် လူကြီးရှေ့မှာ ပြုမူစရာ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများ လူကြီးများထံမှ ရိုရိုသေသေ ပစ္စည်းယူနေသောပုံများကို ပြလျက် အောက်ပါမေးခွန်းများ မေးပါ။

-ဒီပုံထဲမှာ ဘယ်သူတွေပါလဲ။
-ပုံထဲက ကလေးတွေ ဘာလုပ်နေကြတာလဲ။
-ပုံထဲက ကလေးလေးတွေလို သားတို့၊ သမီးတို့ရော လိုက်လုပ်ဖူးလား။
-သားတို့၊ သမီးတို့အိမ်မှာ ဖေဖေ မေမေတို့ဆီက ပစ္စည်းယူတဲ့အခါ ပုံထဲကလို ယူကြလား။
-သားတို့၊ သမီးတို့ လူကြီးတွေ ရှေ့ကို သွားရင် ဘယ်လို သွားကြသလဲ။

֍ထို့နောက် “သားတို့၊ သမီးတို့ကို လူကြီးတွေဆီက ပစ္စည်းယူတဲ့အခါ ဘယ်လို ယူရ မယ်၊ လူကြီးတွေရှေ့မှာ ဘယ်လို နေထိုင်ရမယ်ဆိုတာကို ကဗျာလေးနဲ့ ပြောပြမယ် နော် ဟု အစပျိုးကာ အောက်ပါကဗျာကို အသံနေအသံထား အမူအရာဖြင့် ရွတ်ဆို ပြပါ။ ကလေးများကိုလည်း အမူအရာဖြင့် လိုက်ဆိုကြပါစေ။

လူကြီးရှေ့မှာ ပြုမူစရာ

လူကြီးရှေ့မှာ သွားတဲ့အခါ၊
ခေါင်းလေးငုံ့ကာ ဦးညွှတ်ပါ။
လေးစားမူရာ အစဉ်ထား၊
ညင်ညင်သာသာ သွား။
လူကြီးများက ပေးလာလျှင်၊
လက်နှစ်ဖက်နဲ့ ယူဖို့ပြင်။
လူကြီးလာရင် လမ်းဖယ်ပေး၊
ရိုသေရမယ်လေး။
လူယဉ်ကျေးတို့ အကျင့်တွေ၊
လိုက်နာကျင့်ကြံလေ။
လိုက်နာကျင့်ကြံနေထိုင်မှ၊
သားတို့ဘဝ လွန်လှပ။
သမီးတို့ဘဝ လွန်လှပ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကလေးတစ်ယောက် လူကြီးကို လက်တစ်ဖက်တည်းဖြင့် ပစ္စည်းပေးနေပုံ၊ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ပေးနေပုံ၊ ကလေးတစ်ယောက် လူကြီးရှေ့တွင် ခါးဆန့်ပြီး သွားနေပုံ၊ ခါးကို ညွတ်ကိုင်းလျက် ရိုရိုသေသေ သွားနေပုံ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကဲ ... အခု သားတို့၊ သမီးတို့ လူကြီးရှေ့မှာ ဘယ်လို နေထိုင်ပြုမူရမယ်၊ လူကြီးတွေ ဆီက ပစ္စည်းယူတဲ့အခါ၊ လူကြီးတွေကို ပစ္စည်းပေးတဲ့အခါ . ဘယ်လိုယူရမယ်၊ ဘယ်လိုပေးရမယ်ဆိုတာ သိသွားကြပြီနော်၊ အခု လက်တွေ့ လုပ်ကြည့်ရအောင်” ဟု ပြောပြီး ကလေးနှစ်ယောက်ကို ရှေ့ထွက်ပါစေ။

֍ထို့နောက် တစ်ဦးကို လူကြီး၊ တစ်ဦးကို ကလေးအဖြစ် သရုပ်ဆောင်စေပြီး ပစ္စည်း တစ်ခုခုကို အပေးအယူ လုပ်ပါစေ။ ကလေးများ ပေးပုံ၊ ယူပုံ အနေအထား မှန်ကန် အောင် အနီးကပ် လမ်းညွန်ပေးပါ။

֍အခြားသရုပ်ဆောင်လိုသော ကလေးများရှိပါက သရုပ်ဆောင်ခွင့်ပေးပါ။

֍ထို့နောက် အောက်ပါ ရုပ်ပုံများကို ပြသ၍ အမှား/အမှန် ရွေးချယ်ကြပါစေ။

၁။ ကလေးတစ်ယောက် လူကြီးကို လက်တစ်ဖက်တည်းဖြင့် ပစ္စည်းပေးနေပုံ။
၂။ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ပေးနေပုံ။
၃။ ကလေးတစ်ယောက် လူကြီးရှေ့တွင် ခါးဆန့်ပြီး သွားနေပုံ။
၄။ ခါးကို ညွတ်ကိုင်းလျက် ရိုရိုသေသေ သွားနေပုံ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ရိုရိုသေသေ ခေါင်းငုံ့နေပုံ၊ စနစ်တကျ လက်ကမ်းနေပုံ၊ လက်အုပ်ချီနေပုံ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကို အတန်းသားအားလုံး မြင်သာအောင် ပြသထားပါ။

[သတိပြုရန် 1]

֍ရိုရိုသေသေ ခေါင်းငုံ့နေပုံကို နံပါတ်စဉ် (၁)၊ စနစ်တကျ လက်ကမ်းနေပုံကို နံပါတ်စဉ် (၂)၊ လက်အုပ်ချီနေပုံကို နံပါတ်စဉ် (၃) ဟု မှတ်သားထားရမည်ဖြစ်ကြောင်း ပြောပြပါ။

֍ကလေးများ မှတ်မိနိုင်လောက်ပြီဆိုပါက အတန်းသားအရေအတွက်အပေါ် မူတည်၍ အုပ်စုဖွဲ့ပါ။ ဆရာကို ဗဟိုပြုပြီး အုပ်စုအားလုံးကို စိန်ပွင့်ပုံစံ တန်းစီနေပါစေ။

֍ထို့အပြင် နံပါတ်စဉ်များကို ထို့နောက် ဆရာက အလယ်မှနေ၍ ၁-ဟု အော်ပြီး အုပ်စုတစ်ခုခုဆီသို့ လက်ညှိုးထိုးလိုက်ရမည်။ လက်ညှိုးအထိုးခံရသော အုပ်စုအတန်းမှ ကလေးများက ရိုရိုသေသေ ခေါင်းငုံ့နေပုံ သရုပ်ဆောင်ပြရမည် ဖြစ်သည်။ ထိုနည်းတူစွာ ၂-ဟု လက်ညှိုးထိုးပြီး အော်လျှင် စနစ်တကျ လက်ကမ်းနေပုံ၊ ၃-ဟု လက်ညှိုးထိုးပြီး အော်လျှင် လက်အုပ်ချီနေပုံ အသီးသီး သရုပ်ဆောင်ပြရပါမည်။

֍အုပ်စုတစ်စုသည် တစ်ကြိမ်သရုပ်ဆောင်ပြီးတိုင်း ၎င်းအုပ်စုမှ ရှေ့ဆုံးကလေးကို နောက်ဆုံးသို့ ပြောင်းရွေ့ပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ လက်အုပ်ချီပြီး မင်္ဂလာပါဟု နှုတ်ဆက်နေသော ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက အတန်းထဲဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ကလေးများအား “မင်္ဂလာပါ”ဟု နှုတ်ဆက်ပြီး ကလေးများအား အောက်ပါ မေးခွန်းများမေးပါ။

-သားတို့၊ သမီးတို့ သူငယ်ချင်းတွေအချင်းချင်း တွေ့ တဲ့အခါ ဘယ်လို နှုတ်ဆက် သလဲ။ (အချိန်ပေးပြီး လွတ်လပ်စွာ ပြောကြပါစေ။)
-ဆရာတွေကို တွေ့ ရင် ဘယ်လို နှုတ်ဆက်သလဲ။
-မေမေနဲ့ ဖေဖေကို တွေ့ ရင် ဘယ်လို နှုတ်ဆက်သလဲ။
-အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေးတွေကို တွေ့ ရင် ဘယ်လို နှုတ်ဆက်သလဲ။
-ဘုန်းဘုန်း၊ ဆရာလေးတွေကို တွေ့ ရင် ဘယ်လို နှုတ်ဆက်သလဲ။
-ဘယ်လို နှုတ်ဆက်ရမယ်လို့ ကြားဖူးသလဲ။

֍မေးခွန်းအားလုံးကို အချိန်ပေးပြီး လွတ်လပ်စွာ ဖြေဆိုကြပါစေ။ မှားယွင်းသော သို့မ ဟုတ် နည်းလမ်းမကျသော နှုတ်ဆက်နည်းများကို ထိုကဲ့သို့ နှုတ်မဆက်သင့်ကြောင်း၊ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကြရမည်ဖြစ်ကြောင်း ပြောပြပါ။ ထို့အပြင် မှန်ကန် သော နှုတ်ဆက်နည်းများကို အသိအမှတ်ပြုပေးပါ။ သို့ရာတွင် ဗုဒ္ဓဘာသာ ကလေးလေးများဖြစ်တဲ့ သားတို့၊ သမီးတို့အနေဖြင့် အခါခပ်သိမ်း “မင်္ဂလာပါ”ဟု နှုတ်ဆက် ကြရမည် ဖြစ်ကြောင်း ပြောပြပါ။

֍“ကဲ သားတို့၊ သမီးတို့ နှုတ်ဆက်တာ ဘယ်လို နှုတ်ဆက်ရမယ်ဆိုတာ သိပြီနော်၊ အခု ဆရာက နှုတ်ဆက်တဲ့အခါ ခန္ဓာကိုယ်က ဘယ်လို အမူအရာ လုပ်ရမလဲဆိုတာ ပြောပြမယ်နော်၊ အခု သားတို့၊ သမီးတို့က အရင်ဆုံး ဆရာကို ပြောပြပါဦး”ဟု ပြောပြီး ဆက်လက်သင်ကြားပါ။

“နှုတ်ဆက်တဲ့အခါမှာ သားတို့၊ သမီးတို့ ကိုယ်အမူအရာကို ဘယ်လိုပုံစံ ထား သလဲ” (လွတ်လပ်စွာ ပြောကြပါစေ)။

ဘုန်းဘုန်း၊ ဆရာလေး၊ ဆရာ၊ ဖေဖေ၊ မေမေ၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း အချင်းချင်းစသော မည်သူနှင့်မဆို ... လူချင်းတွေ့ သည့်အခါတိုင်း လက်အုပ်ချီပြီး မင်္ဂလာပါဟု နှုတ်ဆက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ယဉ်ကျေးလိမ္မာသော ဗုဒ္ဓဘာသာ စံပြကလေးများ ဖြစ်နိုင်ကြောင်း ပြောပြပါ။

֍ထို့နောက် ယဉ်ကျေးလိမ္မာသော အမူအရာကို ကလေးများ နမူနာ လုပ်ပြကြပါစေ။ နောက်ရက်များတွင်လည်း ဆက်လက်ပြီး အသိပေး ပြောဆိုပေးပါ။

  1. ဆရာအနေဖြင့် နံပါတ် စဉ်များကို အစဉ်အတိုင်း မဟုတ်ဘဲခေါ်ဆိုပါက ကလေးများ ပိုမို၍ စိတ်ဝင် စားစေပါလိမ့်မည်။ ထို့အပြင် နံပါတ်စဉ်များကို တစ်မျိုးပြီးတစ်မျိုး လှည့်၍ ခေါ်ဆိုပေးပါ။