သီလစောင့်ထိန်းကြစို့

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၈) သီလစောင့်ထိန်းကြစို့
326634ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၂၈) သီလစောင့်ထိန်းကြစို့ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

သီလစောင့်ထိန်းကြစို့

edit

မောင်လှနှင့်မောင်မြ

မြစ်ကမ်းဘေးရှိ ရွာတစ်ရွာတွင် မောင်လှနှင့် မောင်မြတို့ သူငယ်ချင်းနှစ်ယောက် နေထိုင်ကြ၏။ သူတို့သည် ခြံစိုက်သည့် အလုပ်လုပ်ကြသည်။

သူတို့၏သီးနှံများ ကောင်းစွာ ဖြစ်ထွန်းခဲ့ကြ၏။ ထိုသီးနှံ များကို ဈေးသို့ သွားရောက်ရောင်းချရာ ငွေကြေးများစွာ ရရှိကြသဖြင့် ပျော်ရွှင်နေကြသည်။ မောင်မြသည် ငွေများကို တစ်ယောက်တည်း လိုချင်သည်။ သူတို့သည် လှေစီးကာ အိမ်သို့ ပြန်လာ ကြ၏။ မောင်မြက ငွေထုပ်နှင့်တူသော ကျောက်ခဲထုပ်တစ်ထုပ် ပြုလုပ်ထားကာ ရေထဲသို့ ပစ်ချလိုက်၏။ “ငွေထုပ် ရေထဲကျသွားပြီ”ဟု မောင်လှကို လိမ်ညာပြောလိုက်သည်။ မောင်မြ ပစ်ချလိုက်သော အထုပ်သည် ကျောက်ခဲထုပ်မဟုတ်ဘဲ ငွေထုပ်ဖြစ် နေခဲ့သည်။ တစ်နေ့သောအခါ စိတ်ကောင်းရှိသော မောင်လှသည် ငါးကြီးတစ်ကောင်ကို ဈေးမှ ဝယ်လာ၏။ ထိုငါးကြီး၏ ဗိုက်ကို ခွဲလိုက်ရာ ငါးကြီးဗိုက်ထဲမှ ငွေထုပ် ပြန်ရလေသည်။

မှန်တာကိုပဲ ပြောကြမယ်

edit

လိမ်တယ် ညာတယ် ဆိုတာရယ်၊
မကောင်းပါဘူးကွယ်။
ဘုရားရှင်လည်း မကြိုက်၊
မိဘဆရာလည်း မကြိုက်၊
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (မကြိုက်)။

မှန်မှန်ကန်ကန် ပြောတာရယ်
အလွန်ကောင်းတာပေါ့ကွယ်။
ဘုရားရှင်လည်း ကြိုက်၊
မိဘဆရာလည်း ကြိုက်၊
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (ကြိုက်)။ ။