ရွှေငါးကြီး

326633ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၂၇) ရွှေငါးကြီးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

ရွှေငါးကြီး

edit

ရှေးအခါက တံငါသည်များသည် အလွန်လှပသော ရွှေငါးကြီးတစ်ကောင်ကို ဖမ်းမိ၍ ဘုရင်ကြီးထံ ဆက်သကြသည်။

ဘုရင်ကြီးက ရွှေငါးကြီး၏ အတိတ်အကြောင်းကို သိလိုသောကြောင့် ဘုရားရှင်ထံတော်သို့ ရွှေငါးကြီးကို သယ်ဆောင်သွားခဲ့သည်။ ရွှေငါးကြီးပါးစပ်ဟလိုက်သောအခါ တစ်ကျောင်းလုံး ပုပ်စော်နံသွား၏။

ရွှေငါးကြီးသည် ရှေးဘဝက တရားစာပေများကို သင်ကြားပေးခဲ့သော ရဟန်းတစ်ပါး ဖြစ်ခဲ့၏။ သို့သော် ရဟန်းများကို ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့သည်။

ထိုကံများကြောင့် ယခုဘဝမှာ ရွှေရောင်အဆင်းရှိသော ငါးကြီးဖြစ်နေသော်လည်း ပါးစပ်မှ အပုပ်နံ့များ ထွက်နေခြင်းဖြစ်သည်ဟု ဘုရားရှင်က ဟောတော်မူခဲ့သည်။

ယဉ်ကျေးကြစို့

edit

စကားပြောဆို နားဝင်ချို၊
သိမ်မွေ့ကြစေလို။
လိမ်ညာတာကို တို့ရှောင်ရှား၊
မမှန်တဲ့ မုသား။
ထောင်လွှားမာန အပြစ်တွေ၊
မဖြစ်ကြအောင်နေ။
ရိုသေထိုက်သူ ရိုသေလို့၊
ယဉ်ကျေးကြပါစို့ ။