အသိဉာဏ်ပညာ ကြိုးစားရှာ

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၄) အသိဉာဏ်ပညာ ကြိုးစားရှာ
326629ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၂၄) အသိဉာဏ်ပညာ ကြိုးစားရှာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

အသိဉာဏ်ပညာ ကြိုးစားရှာ

edit

မျောက်ကလေး ဖိုးဉာဏ်ကောင်းကို မျောက်ကလေးဖိုးဉာဏ်ကောင်းသည် မြစ်တစ်ဘက်ရှိ ကျွန်းတစ်ကျွန်းသို့ နေ့တိုင်းသွား၍ အသီးအနှံများကို စိတ်တိုင်းကျ စားလေ့ရှိသည်။ ကျွန်းပေါ်သို့ သွားရာတွင် မြစ်အလယ်ရှိကျောက်ဖျာတစ်ခုပေါ်မှတစ်ဆင့်ခုန်ကူးရသည်။

တစ်နေ့တွင် မိကျောင်းတစ်ကောင်သည် ဖိုးဉာဏ်ကောင်းကို ဖမ်းရန် ကျောက်ဖျာပေါ်တွင် ဝပ်၍ စောင့်နေသည်။ ဖိုးဉာဏ်ကောင်းက သတိထားမိပြီး လှမ်းမေးလိုက်ရာ မိချောင်းမှန်း သိသွားသည်။ ထိုအခါ ဖိုးဉာဏ်ကောင်းက “အို မိကျောင်း သင့်ပါးစပ်ကို ဟထားပါ၊ ငါကိုယ်တိုင် သင့်ပါးစပ်ထဲ ဝင်လာပါ့မယ်” ဟု ပရိယာယ်ဖြင့် ပြောလိုက်၏။

မိကျောင်းကြီး ပါးစပ်ဟလိုက်သောအခါ မျက်လုံးများ မှိတ်သွားကြသည်။ ထိုအခါ ဖိုးဉာဏ်ကောင်းသည် မိကျောင်း၏ ခေါင်းကို နင်းကာ ကျွန်းပေါ်သို့ ခုန်ကူးလိုက်လေသည်။