ဆွမ်းလောင်းလှူကြမယ်

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၅) ဆွမ်းလောင်းလှူကြမယ်
326630ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၂၅) ဆွမ်းလောင်းလှူကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

ဆွမ်းလောင်းလှူကြမယ်

edit

တုံ တုံ တုံ တုံ တုံ တုံ တောက်၊
ရွာဦးကျောင်းက အုန်းမောင်းခေါက်။
အုန်းမောင်းခေါက်ပြီး အရုဏ်လာ၊
ဆွမ်းတန်းကြွလို့လာ။
ကြေးစည်သံသာ ငါတို့ကြား၊
ဆွမ်းလောင်းသွားစို့လား။
ရပ်တော်မူပါ ဘုရား၊
ရပ်တော်မူပါ ဘုရား။ ။

မောင်ဖိုးစီ

edit

ရှေးအခါက မောင်ဖိုးစီ ဟုခေါ်သည့် ဆင်းရဲသား လေးတစ်ယောက် ရှိသည်။ သူသည် သူဌေးကြီးအိမ်တွင် အလုပ်လုပ်၏။

တစ်နေ့တွင် မောင်ဖိုးစီ အလုပ်သွားစဉ် ဆွမ်းခံကြွလာသော သံဃာတော်လေးပါးကို တွေ့မြင်လိုက်၏။ သံဃာတော်များအား လှူဒါန်းမည်ဟု ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူ၏နံနက်စာအဖြစ် ယူလာသော မုန့်လေးခုကို ရိုသေစွာ လှူဒါန်းခဲ့သည်။ ထိုကောင်းမှုကြောင့် နောက်ဘဝတွင် အသိဉာဏ် ပညာကြွယ်ဝသော ဘုရင်ကြီးတစ်ပါး ဖြစ်သွားခဲ့လေသည်။