ဝီကီရင်းမြစ်:ဝီကီရင်းမြစ် ဆိုတာ ဘာလဲ။

This page is a translated version of the page Wikisource:What is Wikisource? and the translation is 100% complete.

ဤစာမျက်နှာသည် ဝီကီရင်းမြစ်၏ အဓိပ္ပာယ်၊ ဝီကီရင်းမြစ်ဆိုသည်မှာ၊ ဝီကီရင်းမြစ်က ဘာမဟုတ်ဘူးလဲနှင့် အခြားသော ဝီကီမီဒီယာ ပရောဂျက်များနှင့် မတူကွဲပြားမှုများကို ဖော်ပြရန် ရည်ရွယ်သည်။ ဤစာမျက်နှာရှိ ဖော်ပြချက်များသည် အကျဉ်းချုံး ဖော်ပြချက်များဖြစ်ပြီး အသေးစိတ် ဆွေးနွေးမှုများနှင့် ငြင်းခုန်မှုများသည် ဆွေးနွေးချက် စာမျက်နှာတွင် ဆောင်ရွက်သင့်သည်။

သမိုင်းကြောင်း

ဝီကီရင်းမြစ် ကို မူလက စီစဉ်နေစဉ်အချိန်တွင် "Project Sourceberg" ("Project Gutenberg" ၏ စကားလုံး) ဟု ခေါ်ခဲ့သည်။

ရင်းမြစ်စာသားများကို ps.wikipedia.org တွင် ထားရှိလိုက်ခြင်းဖြင့် ပရောဂျက်၏ လှုပ်ရှားမှုများကို စတင်ခဲ့သည်။ "PS" ဆိုသည်မှာ "primary sources" သို့မဟုတ် "Project Sourceberg" ၏ အတိုကောက်ဖြစ်ပြီး ပံ့ပိုးသူများက သတ်မှတ်ခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ပါရှတို ဘာသာစကား ဝီကီပီးဒီးယား၏ ဒိုမိန်းအခွဲနှင့် မှားနိုင်ခဲ့သည်။

Project Sourceberg ကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယာယီအင်တာနက်လိပ်စာ (http://sources.wikipedia.org) ကို တရားဝင် ရရှိခဲ့ပြီး ps.wikipedia.org မှ စာသားများအားလုံးနှင့် ဆွေးနွေးချက်များကို ရွှေ့ပြောင်းခဲ့သည်။ ပရောဂျက်၏ အမည်အား ဝီကီရင်းမြစ် သို့ ပြောင်းလဲရန် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မဲခွဲခြင်း ပြုလုပ်ခဲ့သည်။ အမည်ပြောင်းလဲခဲ့သော်လည်း အမြဲပုံသေဒိုမိန်းလိပ်စာဖြစ်သော http://wikisource.org သို့ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၂၃ မတိုင်မီအထိ မပြောင်းခဲ့ပေ။

source.wikipedia.org ၌ ပရောဂျက်တရားဝင်စတင်ပြီး နှစ်ပတ်အတွင်း စာမျက်နှာပေါင်း ၁၀၀၀ ကျော် ဖန်တီးခဲ့ကာ စာမျက်နှာ ၂၀၀ ခန့်သည် ဆောင်းပါးအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ်အစပိုင်းတွင် မှတ်ပုံတင်ထားသော အသုံးပြုသူ ၁၀၀ ခန့် ရှိခဲ့သည်။ ၂၀၀၄ ခုနှစ် ဇူလိုင်လအစောပိုင်းတွင် ဆောင်းပါးအရေအတွက် ၂၄၀၀ အထိရှိခဲ့ကာ မှတ်ပုံတင်အသုံးပြုသူ ၅၀၀ ကျော်ရှိလာခဲ့သည်။

၂၀၀၅ ခုနှစ် မေလ ၁၂ ရက်နေ့တွင် သီးခြားဘာသာစကား ဒိုမိန်းအခွဲများ သတ်မှတ်သွားရန် မဲခွဲခြင်း ပြီးဆုံးခဲ့ကာ သက်ဆိုင်ရာဘာသာစကားများ၏ စာသားများကို ကိုယ်ပိုင်ဝီကီဆီသို့ လွှင့်တင်ရန် ခွင့်ပြုပေးခဲ့သည်။ အဆိုပါ ဘာသာစကား ဒိုမိန်းအခွဲများကို ၂၀၀၅ ခုနှစ် ဇွန်လတွင် ဆောင်ရွက်ခဲ့သည်။ မဲခွဲပြီး မကြာမီ မေလ ၁၈ ရက်နေ့တွင် ဝီကီရင်းမြစ်သည် ဆောင်းပါးပေါင်း ၂၀,၀၀၀ ပြည့်ခဲ့သည်။

အခြားကြည့်ရန်။

ဘာသာစကားများနှင့် ဘာသာပြန်များ

ဝီကီရင်းမြစ်သည် ဘာသာစကားစုံ ပရောဂျက်တစ်ခု ဖြစ်သည်။ စာသားများနှင့် စာဘာသာပြန်များကို ကိုယ်ပိုင်ဒိုမိန်းမရှိသေးသော ဘာသာစကားများအားလုံးဖြင့် ရေးသားရန် ကြိုဆိုပါသည်။

စာသားများနှင့် ဘာသာပြန်များကို လင့်ချိတ်ခြင်းနှင့် အမျိုးအစားခွဲခြားပေးရန် အရေးကြီးပြီး ထိုသို့ပြုလုပ်ခြင်းက မည်သူမဆို အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်မည် ဖြစ်သည်။

ဘာသာစကားများနှင့် ဘာသာပြန်များနှင့် ပတ်သက်သော အချက်အလက်များအတွက် ကျေးဇူးပြု၍

သင့်ဘာသာစကား ဒိုမိန်းအခွဲ (xx.wikisource.org) ဖန်တီးခြင်းနှင့် ပတ်သက်သော အချက်အလက်များအတွက် ကျေးဇူးပြု၍ အောက်ပါတို့ကို ကြည့်ပါ။

ကျွန်ုပ်တို့ ဘာတွေ ပါဝင်နိုင်သလဲ

ကျွန်ုပ်တို့ ပါဝင်နိုင်သော အချို့သော အကြောင်းများမှာ

  1. မည်သည့်စာရေးသူကမဆို ယခင်က ထုတ်ဝေပြီးဖြစ်သော ရင်းမြစ်စာသားများ
  2. မူလစာသားများ၏ ဘာသာပြန်များ
  3. နိုင်ငံ့ သမိုင်းဝင် စာရွက်စာတမ်းများ သို့မဟုတ် နိုင်ငံတကာ သမိုင်းဝင်စာတမ်းများ
  4. ဝီကီရင်းမြစ်တွင် ရှိနေသော စာရေးသူများ၏ ကျမ်းကိုးများ

ဤစာရင်းတွင် ပါဝင်ပံ့ပိုးခြင်းကို ကန့်သတ်ထားခြင်း မရှိပါ။

ကျွန်ုပ်တို့ ဘာတွေ မပါဝင်နိုင်ဘူးလဲ

ဝီကီရင်းမြစ်တွင် မပါဝင်နိုင်သော စာသားများအတွက် အခြေခံသတ်မှတ်ချက် အချို့မှာ

  1. မူပိုင်ခွင့် ချိုးဖောက်ခြင်းများ
  2. ပရောဂျက်ပံ့ပိုးသူတစ်ဦး၏ ကိုယ်ပိုင်ရေးသားချက်များ

ဤသည်မှာ အခြေခံအများစုဖြစ်ပြီး ယင်းတို့ကို ဝီကီရင်းမြစ်တွင် မရေးသားနိုင်ပါ။ မူဝါဒ သို့မဟုတ် ဆွေးနွေးချက်များအရ တားမြစ်ထားသည်များလည်း ရှိနေနိုင်သေးသည်။

ဝီကီရင်းမြစ်နှင့် အခြား ဝီကီမီဒီယာ ပရောဂျက်များ

ဝီကီရင်းမြစ်လား ဒါမှမဟုတ် ဝီကီစာအုပ်လား

အဆိုပါ ပရောဂျက်နှစ်ခု၏ ခြားနားချက်မှာ လွယ်ကူပါသည်။

  • ဝီကီရင်းမြစ် က တစ်နေရာရာတွင် ထုတ်ဝေပြီးဖြစ်သော အကြောင်းအရာများကို အဓိက အသားပေးသည်။ ဝီကီရင်းမြစ်ကို အများပြည်သူပိုင်ဖန်တီးမှုများ၏ စာကြည့်တိုက်တစ်ခုအဖြစ် မြင်နိုင်ပါသည်။
  • ဝီကီစာအုပ် ဆိုသည်မှာ ပါဝင်ပံ့ပိုးသူများ ကိုယ်တိုင် ရေးသားထားသော လမ်းညွှန်အကြောင်းအရာများ (ဥပမာ လေ့လာမှုလမ်းညွှန်များ၊ စာသင်ခန်း သင်ရိုးများ၊ မှတ်စုစာသားများ) ဖြစ်သည်။

နောက်ထပ် အချက်အလက်များအတွက် ဝီကီရင်းမြစ်နှင့် ဝီကီစာအုပ် ကို ကြည့်ပါ။

ဝီကီရင်းမြစ်လား ဒါမှမဟုတ် ဝီကီပီးဒီးယားလား

ဝီကီပီးဒီးယားသည် စွယ်စုံကျမ်းတစ်ခုဖြစ်ပြီး ဝီကီရင်းမြစ်က စာကြည့်တိုက် တစ်ခု ဖြစ်ပါသည်။ ဝီကီပီးဒီးယားတွင် စာအုပ်များအကြောင်း ဆောင်းပါးများ ပါဝင်ပြီး ဝီကီရင်းမြစ်တွင် စာအုပ်တစ်ခုလုံး ပါဝင်သည်။ စာရေးသူများအကြောင်း ကျမ်းကိုးစာများသည် နှစ်ခုလုံးတွင် ပါဝင်နေနိုင်သည်။

စာမျက်နှာများ ကာကွယ်ခြင်း

ဝီကီမီဒီယာ ပရောဂျက်အများစုရှိ ဝီကီစာမျက်နှာများသည် အစဉ်တိုးတက်ဖြစ်ထွန်းနေစေရန် ဒီဇိုင်းထုတ်ထားသည်။ ဥပမာအားဖြင့် ဝီကီပီးဒီးယားဆောင်းပါးများ သို့မဟုတ် ဝီကီစာအုပ် ဖတ်စာလမ်းညွှန်များ ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဝီကီရင်းမြစ်သည် အခြားတစ်နေရာရာတွင် ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် စာသားအငြိမ်များ၏ စာကြည့်တိုက်တစ်ခု ဖြစ်သည်။ အများအားဖြင့် အဆိုပါ စာသားများကို ပြောင်းလဲရန် သို့မဟုတ် ဆင့်ကဲပြောင်းလဲရန် မရည်ရွယ်ပါ။ ပြုပြင်ပြောင်းလဲမှုပြုလုပ်ပါက ယင်းစာသားများ၏ ကျစ်လျစ်မှုကို ထိခိုက်နစ်နာစေမည် ဖြစ်သည်။ ထို့ကြောင့် ဝီကီရင်းမြစ်မူဝါဒဖြင့် စာမျက်နှာများကို တည်းဖြတ်ခြင်းမှ "ကာကွယ်"ထားရန် (ပုံစံမှန်ကန်ပြီး အမှားမရှိဟု သတ်မှတ်နိုင်ပါက) အကြံပြုထားသည်။ ပြောင်းလဲပြင်ဆင်ရန် လိုအပ်ခြင်း သို့မဟုတ် အမှားပြင်ဆင်ရန်များကို ဆွေးနွေးချက် စာမျက်နှာမှတဆင့် သုံးသပ်လုပ်ဆောင်ရန် ဖြစ်သည်။

ဤနည်းဖြင့် ဝီကီရင်းမြစ်သည် သမိုင်းဆိုင်ရာ ကျစ်လျစ်စေရန် သတင်းမော်ကွန်းတင်ခြင်းဖြင့် စာမျက်နှာများကို "ကာကွယ်"ထားသော ဝီကီနယူးစ်နှင့် ပိုဆင်တူသည်။

NPOV

ဘက်မလိုက်သောအမြင် ("'N"'neutral "'P"'oint "'o"'f "'View"') သည် ဝီကီမီဒီယာ မိသားစု၏ ပရောဂျက်အားလုံးအတွက် သက်ရောက်သည့် အဓိက မူဝါဒစည်းမျဉ်းဖြစ်သည်။ မူရင်းစာသားတွေထဲမှာ NPOV ကို ထပ်ဟပ်ဖို့ မလိုပါ။ ပြန်လည်ထုတ်လုပ်ခြင်းနှင့် အသိအမှတ်ပြုဖော်ပြခြင်းများ ရှိသရွေ့ NPOV ကို ချိုးဖောက်ခြင်းမဟုတ်ပါ။ သို့သော် စာသား၏ အပိုင်းအချို့ကို အလေးထားခြင်း (သို့) စာသား၏ တစ်ပိုင်းကိုသာ ပြန်လည်ဖန်တီးခြင်းသည် သီးခြားရှုထောင့်တစ်ခုထံမှ ရှုမြင်ခြင်းဟု ဖော်ပြနိုင်သည်။

မိတ်ဆက်နှင့် အခြား ရှင်းလင်းချက်များကို ရေးသားရာတွင် NPOV ကို နှလုံးသွင်းရေးသားသင့်သည်။

မူပိုင်ခွင့်များ

အခြားသော ဝီကီမီဒီယာ ပရောဂျက်များနည်းတူ မူပိုင်ခွင့်ဥပဒေများသည် ဝီကီရင်းမြစ်တွင်လည်း အကျိုးသက်ရောက်ပြီး ယင်းတို့ကို စိတ်တွင် သိရှိထားရမည်ဖြစ်သည်။

မူပိုင်ခွင့်များနှင့် ပတ်သက်၍ အောက်ပါတို့ကို ကြည့်ပါ။