သနားစရာ သမင်လေးများ

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၆) သနားစရာ သမင်လေးများ
326631ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၂၆) သနားစရာ သမင်လေးများဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆)

သနားစရာ သမင်လေးများ

edit

ရှေးအခါက ဘုရင်ကြီးတစ်ပါးသည် အလွန်အမဲလိုက် ဝါသနာပါ၏။ သမင်များကို ဖမ်း၍ သူ၏ ဥယျာဉ်ထဲ၌ ထားလေသည်။ သမင်ခေါင်းဆောင်ကိုသာ ဘေးမဲ့ပေးထားပြီး အခြား သမင်များကို တစ်နေ့တစ်ကောင် သတ်စားသည်။ သမင်များက ပြေးလွှားရသည့်ဒုက္ခ မခံ စားရအောင် အလှည့်ကျ လည်စင်းအသေခံဖို့ သဘောတူထားကြသည်။

ကိုယ်ဝန်ရှိသော သမင်မ အလှည့်ကျသောနေ့တွင် သမင်ခေါင်းဆောင်က သမင်မအစား လာ၍ အသတ်ခံသည်။ ဘေးမဲ့ပေးထားသော သမင်ခေါင်းဆောင်ကို တွေ့လျှင် ဘုရင်ကြီးက အကြောင်းစုံကို မေးမြန်းလေသည်။

သမင်ခေါင်းဆောင်က ရှင်းပြသောအခါ ဘုရင်ကြီးက သမင်ခေါင်းဆောင်၏ စိတ်ဓာတ်ကို အလွန်လေးစားသွားသည်။ သို့ဖြစ်၍ သမင်အားလုံးကို ဘေးမဲ့ပေးလိုက်လေတော့သည်။

အားနည်းသူ ကူညီပါ

edit

သားတို့တွေ သမီးတို့တွေ၊
လိမ္မာပါတယ်လေ။
အားနည်းသူ ဖေးမကူ၊
အနိုင်မယူရဘူးလေ။
ဆိုးသွမ်းတာ ရိုင်းစိုင်းတာ၊
ရှောင်ကြဉ်ပါမယ်လေ။
ကြမ်းတမ်းစွာ မပြုရပါ။
ယဉ်ကျေးကြမယ်လေ။ ။