ဘုရားဖူးသွားကြစို့

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၇။ ဘုရားဖူးသွားကြစို့
326566ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၇။ ဘုရားဖူးသွားကြစို့ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၇)

ဘုရားဖူး သွားကြစို့

edit

ဘယ်သွားမှာလဲ ကိုကြီးရယ်၊
ညီလေး လိုက်ချင်တယ်။
ကုန်းမြင့်ပေါ်ဝယ် တည်လို့ထား၊
စေတီတော်သို့ သွား။
အဝတ်အစား သပ်ရပ်စွာ၊
ဝတ်ဆင်ခဲ့ပါကွာ။
ရေချမ်းလှူကာ ပန်းကပ်လို့၊
ဘုရားရှိခိုးစို့။ ။