မေတ္တာပို့သခြင်း

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၈။ မေတ္တာပို့သခြင်း
326567ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၈။ မေတ္တာပို့သခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၈)

မေတ္တာပို့သခြင်း

edit

ညီပုလေးသည် သူတစ်ပါးကို အလွန်ကူညီလေ့ရှိသည်။ ငိုနေသောကလေးများကို မငိုအောင် ချော့မော့လေ့ရှိသည်။

နေ့စဉ် ဘုရားရှိခိုး၍ အားလုံးကို မေတ္တာပို့လေ့ရှိသည်။ တစ်နေ့တွင် ညီပုလေး နေမကောင်းဖြစ်လေ၏။

ဆရာမနှင့် သူငယ်ချင်းများက မြန်မြန်နေကောင်းစေရန် အိမ်သို့လာပြီး ကူညီအားပေးကြသည်။

ညီပုလေးသည် နေကောင်းလာသောအခါ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ကျောင်းပြန်တက်နိုင်ခဲ့သည်။

ညီပုလေးရဲ့ မေတ္တာ

edit

ညီပုလေး ညီပုလေး၊
ဘုရားရှိခိုးတဲ့ ညီပုလေး။
ညီပုလေး ညီပုလေး၊
မေတ္တာပို့တဲ့ ညီပုလေး။
ညီပုလေးက မေတ္တာဝေ၊
ကျန်းမာ ချမ်းသာကြပါစေ။
မေတ္တာဝေတဲ့ ညီပုလေး၊
မျက်နှာ ရွှင်ချိုအေး။ ။