Category:လေးချိုး

လေးချိုး သည် တက်သံ ခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခုနှင့် အောက်မြစ်သံ၊ ဝိသဇ္ဇနီသံတို့ဖြင့် ချရသော အချိုးနှစ်ခုပေါင်း အချိုးလေးခုပါဝင်သော မြန်မာကဗျာအမျိုးအစား ဖြစ်သည်။ လေးချိုးကို လေးဆစ်ဟူ၍လည်းခေါ်သည်။ လေးဆစ်ချိုးဟူ၍ လည်းခေါ်သည်။ လေးဆစ်ကို အခြားကဗျာများနှင့် မရောနှောဘဲ သီးခြား ရေးထားသော အချင်းမျိုးကို လေးဆစ်ဟူ၍ ခေါ်သည်။ တစ်နည်းအားဖြင့် အခြားကဗျာမှာ နောက်ဆုံးတွင် ရေးသောအချင်းမျိုးကို လေးဆစ်ဟူ၍ခေါ်သည်။ တစ်နည်းအားဖြင့် အခြားကဗျာမှာ နောက်ဆုံးတွင် ရေးသားလေး ဆစ်ကို သံထောက်ဟူ၍ခေါ်သည်။ တစ်နည်းအားဖြင့် အဆုံးလည်းမဟုတ်၊ တစ်ပုဒ်တည်း လေးဆစ်လည်းမဟုတ်ဘဲ အခြားစာများမှာ ရောနှောရေးသားထားသော လေးဆစ်ကို သဖြန်ဟူ၍ မှတ်ယူရေးသားလေ့ရှိသည်။ တစ်နည်း အားဖြင့် ကာလဒေသအလိုက် ခွန်းထောက်ဟူ၍လည်း ရေးသားကြသေးသည်။ ရှေးကျသော လေးဆစ်စာများမှာ လွန်စွာ စာလုံးနည်း၍ အဓိပ္ပာယ် ကျယ်ဝန်းပြီးလျှင် စာသားနကိုမှာလည်း တိုတိုကျဉ်းကျဉ်းသာ ရေးကြသည်။ ဤကဲ့သို့ ရေးသည်ကိုလေးဆစ်ဟု အမှတ်ပြုကြသည်။ လေးဆစ်ကို ချဲ့ထွင်ပြလျှင် လေးဆစ်ဘောလယ်ဟူ၍လည်းကောင်း၊ လေးဆစ်ပုလဲဟူ၍ လည်းကောင်း စာဟောင်းပေမူ ပုရပိုက်များတွင် တွေ့မြင်ရလေသည်။

ထို့ပြင် လေးချိုးသည် လေးချိုးငယ်၏ လေးချိုးလတ်၊ လေးချိုး ကြီးဟူ၍ သုံးမျိုးပြားပြန်၏။ ထိုသုံမျိုးတွင် လေးချိုးငယ်ကို လေးဆစ်သဖြန် ဟူ၍လည်းကောင်း၊ လေးဆစ်ကွန်းထောက် သဖြန်ဟူ၍လည်းကောင်း အထူး ပြု၍ခေါ်သည်။

Pages in category "လေးချိုး"

The following 79 pages are in this category, out of 79 total.